0:00 မိဘမိတ်ဆွေများ အားလုံးမင်္ဂလာပါခင်ဗျာ စဉ်းစားကြည့်ပါတစ်ရက်ကိုယ်အိပ်ရာနိုးထတဲ့အခါမှာသတိထားမိတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးက ဖြူဖြူမှုန်မှုန်ဝါးဝါးကြီးဖြစ်နေခဲ့မယ်ပေါ့ စာဖတ်ရတာအခက်အခဲတွေဖြစ်လာခဲ့မယ်ပေါ့ ကျွန်တော်တို့ရဲ့လောကကြီးတစ်ခုလုံးကအရောင်မှိန်မှိန်လေးတွေဖြစ်နေခဲ့မယ်ပေါ့ ဆိုရင် လူကြီးမင်းခံစားနေရတဲ့ကိစ္စသည် အတွင်းတိမ် ရောဂါ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် အတွင်းတိမ်သည် ကုသလို့ရှိရင် ၉၉ ရာခိုင်နှုန်း ပျောက်တဲ့အခြေအနေရှိပေမဲ့ အချိန်မကုသမိခဲ့လို့ရှိရင် မျက်လုံးကွယ်နိုင်တဲ့အဆင့်ထိ ကြီးကျယ်လွန်းပါတယ် ဆိုတော့ ဒီရောဂါအတွင်းတိမ်က ဘာကြောင့်ဖြစ်ရတာလဲ ဖြစ်ရင်ဘယ်လိုကုသလဲ ဖြစ်ရင်ဘယ်လိုကာကွယ်လဲ ဒါအကြောင်းကို ဒီနေ့ဆွေးနွေးကြမှာဖြစ်ပါတယ် ကျွန်တော်ကတော့ မိဘမိတ်ဆွေများအားလုံးရဲ့ ဒေါက်တာဇွဲလင်းသူဖြစ်ပါတယ် နံပါတ်တစ် ကျွန်တော်တို့အတွင်းတိမ် ဆိုတာဘာလဲ ဒါအကြောင်းဆွေးနွေးမယ် မြန်မာစကားမှာ တိမ်ရောဂါလို့ပြောရင်
0:45 အတွင်းတိမ်နဲ့ရေတိမ်ဆိုပြီးတော့နှစ်မျိုးရှိတယ် အင်္ဂလိပ်လိုကတော့ ကတ်သရက်နဲ့ ဂလော်ကိုမာ လို့ခေါ်တယ် ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်ကိစ္စက ကတ်သရက် အတွင်းတိမ်အကြောင်းဆိုလိုတယ် အတွင်းတိမ်ကတ်သရက်က ဘာလို့ဖြစ်ရတာလဲဆိုတော့ မျက်လုံးမှာရှိတဲ့ မှန်ဘီလူး လန့်စ် ဝါးသွားလို့ဖြစ်တာ မျက်လုံးနှစ်ဖက်လုံးမှာ မှန်ဘီလူး သေးသေးလေးတွေ ရှိပါတယ် ဒီမှန်ဘီလူးရဲ့အလုပ်ကဘာလုပ်လဲဆိုတော့ ကျွန်တော်တို့ရဲ့အမြင်အာရုံမှာကိုယ်ကြည့်တဲ့ကိစ္စကို ကြည်လင်ပြတ်သားမှုဖြစ်စေတယ် နီးတဲ့ကိစ္စကိုတစ်မျိုးကြည်စေတယ် ဝေးတဲ့ကိစ္စကိုတစ်မျိုးကြည်စေတယ် အဲ့တော့ ဒီမှန်ဘီလူးဟာ ကြည်လင်ပြတ်သားနေသလောက် ကျွန်တော်တို့ရဲ့အမြင်အာရုံကလည်း ကြည်လင်ပြတ်သားနေမယ်လို့ပြောတယ် သို့သော် ပြဿနာဘာတက်လဲဆိုတော့ အသက်ကြီးလာတဲ့အခါမှာ ကျွန်တော်တို့ ပျက်စီးမှုဖြစ်လာတဲ့အပေါ် မျက်လုံးမှာ မျက်လုံးရဲ့ လန့်စ် မှန်ဘီလူးမှာ ဝါးလာတယ် နောက်လာတယ် အဲ့ဒီအခါကျလို့ရှိရင် ဒီလူက အတွင်းတိုင်ရောဂါ ခံစားရတယ်ပေါ့ မေးပြီး
1:33 ဒီလူကမျက်လုံးနှစ်ဖက်မှာတစ်ဖက်ကအတွင်းတိမ်ခံစားရ တယ်ဆိုလို့ရှိရင် အဲ့တစ်ဖက်ကဖြူနေမယ်ဝါးနေမယ်ကောင်းတဲ့ဘက်ကကြည့်တယ်ဆိုရင်တော့ ကောင်းတဲ့ဘက်ကရှင်းလင်းနေမယ်ပေါ့ သို့သော်နှစ်ဖက်စလုံးမှာအတွင်းတိမ်တစ်ပြိုင်တည်းဖြစ်တဲ့သူကတော့ သတိထားမိချင်မှထားမိမယ် ဘာလို့လဲဆိုတော့သူ့အနေနဲ့မျက်လုံးနှစ်ဖက်လုံးကဒါမျိုးပဲ မြင်နေရတာပေါ့ ဆိုတော့ ဒီလိုတိမ်ဖြစ်ပြီဆိုလို့ရှိရင် ဘာခံစားရလဲဆိုတော့ ကျွန်တော်တို့ရဲ့ လက္ခဏာတွေအနေနဲ့ နံပါတ်တစ်ကတော့ အမြင်တွေမှုန်သွားလာတယ် ဆိုတော့ အမြင်တွေမှုန်သွားတယ်ဆိုပြီးတော့ ကျွန်တော်တို့က ဘာထင်လဲဆိုတော့ ပါဝါတက်သွားပြီ ပါဝါပြောင်းသွားပြီလို့ထင်ပြီးတော့ ခဏခဏ ကျွန်တော်တို့ ပါဝါတွေ မျက်စိပါဝါတွေကို သွားသွားပြီးတော့ လဲရတယ်ပေါ့ အလင်းတွေဆူးတဲ့အခါကျလို့ရှိရင်မျက်လုံးမှာအလင်းတွေ ဖြူဖြူကြီးတွေဖြစ်တယ်ဆူးဆူးကြီးတွေဖြစ်တယ် မီးကွင်းတွေ မီးကွင်းတွေ တွေ့ရတယ် ဥပမာအားဖြင့် ညဘက်ကို ကားမောင်းတဲ့အခါ ကျလို့ရှိရင် အရှေ့က ကားမီးကြီး ထိုးလိုက်သောအခါမှာ
2:19 အဲ့ဒီမီးကြီးထိုးတဲ့ဒဏ်ကိုမခံနိုင်ဘူး မျက်လုံးမှာ တအားကျိန်းတဲ့အတွက်ကြောင့်မလို့ ကားမမောင်းနိုင်တော့တဲ့ အခြေအနေထိဖြစ်တယ်ပေါ့ ပတ်ဝန်းကျင်တစ်ခုလုံး ဘယ်နေရာကြည့်ကြည့် အရောင်တွေမှိန်လာတယ် အရောင်တွေဖျော့လာတယ် ဒီလက္ခဏာတွေ ခံစားနေရတဲ့ အခြေအနေက အဲ့ဒါအတွင်းတိမ် လက္ခဏာတွေဖြစ်တယ် ခုနကပြောသလိုပဲ တစ်ဖက်တည်းခံစားနေရတဲ့အခါကျရင်တော့ သတိထားမိပြီးတော့ နှစ်ဖက်လုံးခံစားနေရတဲ့အခါကျရင် တော်တော်များများလူမှာ သတိမထားမိတတ်ကြဘူး ဆိုတော့ဒီလက္ခဏာတွေရဲ့နောက်ဆက်တွဲမှာဘယ်အထိဖြစ်သွားတတ်လဲဆိုတော့ မျက်လုံးကွယ်တဲ့အထိဖြစ်သွားတတ်တယ် ကမ္ဘာပေါ်မှာ မျက်လုံးကွယ်ရခြင်း အကြောင်းရင်းတွေ အားလုံးရဲ့ငါးဆယ်ရာခိုင်နှုန်း တစ်ဝက်လောက်က ဒီအတွင်းတိမ်ကြောင့်ဖြစ်ကြတာများတယ် ဆိုလိုချင်တာ အတွင်းတိမ်သည် ပျောက်အောင် လွယ်လွယ်ကုလို့ရတဲ့ ရောဂါဖြစ်တယ် အဲ့လိုပျောက်သွားနိုင်ခြင်းရှိတဲ့ ရောဂါကို အချိန်မီမကုသနိုင်လို့ရှိရင် မျက်စိကွယ်သွားနိုင်တယ်ပေါ့ ဒီဟာသာ စောစောစီးစီး ကုသနိုင်ရင် မျက်စိကွယ်ခြင်း မြောက်များစွာကိုကာကွယ်နိုင်တယ်
3:09 အသက်ကြီးလေပိုပြီးတော့ဖြစ်လေ အသက်ငါးဆယ်ခြောက်ဆယ်ကျွန်တော်တို့ကျော်လာပြီဆိုရင် ၃၀ ရာခိုင်နှုန်း သုံးပုံတစ်ပုံလောက်သော သူတွေမှာ ဒီမျက်စိတိမ်ရောဂါခံစားရတယ် အသက်ငယ်တဲ့သူတွေမှာလည်းဖြစ်တယ်နော် သုံးဆယ်ကျော်တွေမှာလည်းတစ်ခါတစ်ရံ ရှားတော့ရှားတယ်ဖြစ်တတ်တယ် ဒါပေမဲ့အသက်ကြီးရင်ဖြစ်များတဲ့ရောဂါပေါ့ အဲ့ထဲမှာမှအသက်ကြီးလေပိုပြီးတော့များလေ ဥပမာအသက်ခုနစ်ဆယ့်ငါးနှစ်ကျော်သွားလို့ရှိရင် ခုနစ်ဆယ်ရာခိုင်နှုန်းလောက်သောသူတွေမှာ ဒီအတွင်းတိမ်ကိစ္စဖြစ်တယ် အဲ့တော့ကိုယ့်အိမ်မှာလူကြီးမိဘတစ်ယောက်ယောက်ရှိနေခဲ့တယ်ဆိုရင် အဲ့ဒီလူကြီးမိဘက အသက်ခြောက်ဆယ်ခုနစ်ဆယ်ကျော် ရှိနေခဲ့တယ်ဆိုရင် သူ့ဆီမှာအတွင်းတိမ်ဖြစ်ဖို့အလားအလာရှိပါတယ် အဲ့တော့အဲ့လိုမျိုးအတွင်းတိမ်ကျွန်တော်တို့အလားအလာရှိတဲ့သူ အတွင်းတိမ်ရှိမှန်းသိတဲ့သူက ဘယ်လိုလက္ခဏာစပြီးတော့ခံစားပြီးသိလာလဲဆိုတာကို အောက်က ကွန်းမန့်ထဲမှာ ကျွန်တော့်ကိုရှဲခဲ့ဦးနော် ဒါဆိုရင်အဲ့ဒီအတွင်းတိမ်ကအသက်ကြီးလို့ဖြစ်တယ်ဆိုတော့ တခြား အကြောင်းရင်းရော မရှိဘူးလားပေါ့
3:55 တခြားအကြောင်းရင်းအနေနဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲမှာလည်း ဖြစ်တယ် ဆီးချိုရောဂါကတော်တော်လေးကိုမှဆိုးတဲ့ရောဂါဖြစ်တယ် သူ့ရောဂါဖြစ်ပြီဆိုလို့ရှိရင်တခြားသောဘယ်ရောဂါမဆိုးကိုဒုက္ခပိုပြီးတော့ပေးတယ် အဲ့တော့ အတွင်းတိမ်ဖြစ်နိုင်တဲ့သူသည် ဆီးချိုရောဂါရှိတဲ့အခါမှာ အတွင်းတိမ်ဖြစ်ဖို့အလားအလာများတယ် ဆိုတော့ခုနကကျွန်တော်ပြောသလို အသက်ကြီးလို့ရှိရင် မျက်စိကို တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်စစ်ပေးနေရမယ် ကိုယ့်မှာဆီးချိုသွေးတိုးရောဂါလိုမျိုး အခြေအနေရှိတယ်ဆိုရင်တော့ ၆ လတစ်ကြိမ်စစ်ပေးနေဖို့လိုအပ်တယ် အသက်ကြီးကြီးမကြီးကြီး ဒါ့အပြင်ကျွန်တော်တို့ဆေးဝါးတွေသောက်တဲ့အနေနဲ့ ဒီလူတစ်ယောက်က အသည်းတို့ အစားထိုးထားတဲ့အပေါ်မှာ သူက စတီးရိုက်ဆေး တစ်သက်လုံး ဆွဲသောက်ရတယ်ပေါ့ သို့မဟုတ် ဒီလူက လေးဘက်နာလိုမျိုး ရောဂါတွေအတွက် စတီးရိုက်ဆေးကို နာတာရှည်သောက်ရနေရတယ် ဆိုကြပါစို့ ဒီလိုမျိုးလူတွေမှာဆိုရင်လည်းပဲ အတွင်းတိမ်ရောဂါ ဖြစ်ဖို့ အလားအလာ များတယ်
4:41 ဒါ့အပြင်နေပူထဲ သိပ်အများကြီးသွားလေ့ရှိတယ် အဲ့နေပူထဲမှာကျွန်တော်တို့သွားတဲ့အခါမှာ မျက်စိထဲကို နေပူပူဆူးဆူးတွေ ဝင်တယ် ဒါဆိုရင်လည်းမျက်လုံးပျက်စီးဦးမယ်ပေါ့ နေကာမျက်မှန်တပ်ဖို့လိုတယ်ဆိုတာလေးလည်း ဒီနေရာကနေပြီးတော့ သတိထားဖို့လိုအပ်တယ် ကဲဒါဆိုရင်ကျွန်တော်တို့ဖြစ်ပြီဟေ့ဆိုလို့ရှိရင်ဘယ်လိုကုသလဲဆိုတော့ ကံကောင်းတာနဲ့ကံမကောင်းတာနှစ်ချက် မကောင်းတဲ့ကိစ္စက ဘာလဲဆိုတော့ ဒီနေရာမှာ အတွင်းတိမ်ရောဂါဖြစ်ပြီဆိုရင် ဆေးသောက်တယ် ဆေးထိုးတယ် ဒီပုံစံနဲ့ ရောဂါမသက်သာဘူး ခွဲစိတ်မှသာလျှင်သက်သာပါတယ် အဲ့တော့ ခွဲစိတ်မယ်လို့ ပြောလိုက်လို့ရှိရင် လူတော်တော်များများက ကြောက်ကြတယ် ဒါပေမဲ့ ကြောက်ဖို့မကောင်းဘူးလို့ သတင်းကောင်းလေး ပေးချင်ပါတယ် ခွဲစိတ်တဲ့နည်းအမျိုးမျိုးရှိတယ် အဲ့ဒီထဲမှာမှနာမည်ကြီးတဲ့နည်းလမ်းတစ်ခုက ဆိုတော့မျက်လုံးကိုသူကဘာလုပ်လဲဆိုတော့ အပေါက်သေးသေးလေးသူကဖောက်တယ် ဖောက်ပြီးသွားလို့ရှိရင်
5:26 အဲ့ဒီအပေါက်သေးသေးလေးကတော့ မှန်ပြောင်းလေးတစ်ခုထည့်လိုက်တယ် အဲ့ဒီထည့်ပြီးသွားရင် အဲ့ဒီပြောင်းလေးကနေပြီးတော့ အဲ့ဒီအပ်ကလေးကနေပြီးတော့ ကိုယ့်ရဲ့မျက်လုံးထဲမှာသဘာဝရှိပြီးသား လန့်စ် မှန်ဘီလူးကို ဘာလုပ်လိုက်လဲဆိုတော့ သူကချေလိုက်တယ် ချေပြီးသား ကျွန်တော်တို့ အရည်ပျော်သွားတဲ့ မှန်ဘီလူးလေးကို ဒီပိုက်ကနေ သေးသေးလေးကနေပြီးတော့ပဲ ဆုပ်ယူလိုက်တယ် ပြီးရင် ကျွန်တော်တို့ ခေါက်လို့ရသော လန့်စ်အပျော့ကလေးကိုဒီပိုက်ကလေးထဲကနေပြီးတော့ပဲ ထည့်ပေးလိုက်တယ် ထည့်ပေးပြီးမျက်လုံးထဲရောက်တဲ့အခါမှာ ဒီလန့်စ်လေးက ထီးပွင့်သလိုမျိုးပွင့်လာတယ်ပေါ့ ဒီပုံစံနဲ့မျက်လုံးထဲမှာနဂိုသဘာဝရှိပြီးသားလန့်စ်ကို အရည်ဖျော်ပြီးတော့ထုတ်တယ် ပြီးရင်ကျွန်တော်တို့အပြင်ကနေပြီးတော့ပါးပါးလေးပျော့ပျော့လေးထည့် လန့်စ်လေးကိုထည့်ပေးလိုက်တယ်ပေါ့ ဆိုတော့ဒီပုံစံနဲ့ဒီလူကအပေါက်သေးသေးလေးဖောက်ပြီးတော့ခွဲစိတ်တဲ့အခါမှာ ချုပ်ရိုးမရှိဘူး အနာကျက်အရမ်းမြန်တယ် ဒီလူအတွက်နေရထိုင်ရတာလည်းကောင်းတယ် နောက်ဆက်တွဲပြဿနာတွေလည်းသက်သာတယ်
6:12 ဆိုတော့ဒီလိုကုသခြင်းက ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်အောင်မြင်ဖို့အလာလာများတယ် ဒါပေမဲ့ကျွန်တော်တို့စက္ကရိယာတွေလိုတယ် ကျွန်တော်တို့မျက်စိဆရာဝန်ရဲ့ကျွမ်းကျင်မှုလည်းလိုတယ် အဲ့တော့ကိုယ်နေနေတဲ့အရပ်ဒေသမှာ ဒီလိုစက္ကရိယာအပြည့်အစုံမရှိဘူးဆိုလို့ရှိရင်တော့ ဆရာဝန်ကနည်းနည်းလေးအပေါက်ကြီးကြီးလေးခွဲပြီးတော့ မှန်အမာလေးထည့်တဲ့ကိစ္စကိုဆောင်ရွက်ရတာပေါ့ ဒါပေမဲ့ အပေါက်ကြီးကြီးခွဲတဲ့အခါကျလို့ရှိရင် ပြန်ပြီးတော့ချုပ်ရတယ်တို့ ချုပ်ကြိုးပြန်ဖြည်ရတယ်တို့ ဒါမျိုးဇာတ်လမ်းလေးတွေနည်းနည်းလေးရှိတယ် ကုန်ကျစရိတ်နည်းတယ် ဒါပေမဲ့အလုပ်နည်းနည်းလေးချုပ်တယ် အခုကျွန်တော်ပြောတဲ့ ဖေ့စ်ဘွတ်ခ် အီမာစီဖီကေးရှင်းနည်းလမ်းက နာမည်ကြီးဆေး မျက်စိဆေးခန်းဆေးရုံတွေမှာ ကျွန်တော်တို့လုပ်လို့ရတယ် ကုန်ကျစိတ်နည်းနည်းလေးများတယ် ဥပမာအားဖြင့် ဆယ့်ငါးသိန်းကနေပြီးတော့ သိန်းနှစ်ဆယ်လောက်ကုန်နိုင်တယ် ဒါပေမဲ့ လုပ်ရတာအရမ်းလွယ်တယ် အောင်မြင်ဖို့လည်း အလားအလာ အရမ်းများတယ် ဒါ့အပြင် ဆိုးကျိုးဆိုက်ဒ်အဖက်လည်း တော်တော်လေးကိုနည်းတယ် ဒါနဲ့အတူတူကျွန်တော်တို့ကတိုင်းရင်းဆေးမှာ မျက်စိခွဲစိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်တယ်
7:02 မှန်ပါတယ်မျက်စိခွဲစိတ်တယ်ဆိုတဲ့ကိစ္စကအခုခေတ်မှာမှလုပ်တဲ့ကိစ္စမဟုတ်ဘူး အရင်ခေတ်ကတည်းက တိုင်းရင်းဆေးအမျိုးမျိုးမှာ ခွဲစိတ်မှုအမျိုးမျိုးကျင့်ကြံကြတယ် ဒါဒီမျက်စိကိစ္စနဲ့ပတ်သက်တဲ့ခွဲစိတ်မှုတွေကို အိန္ဒိယတိုင်းရင်းဆေး အာယုဗေဒ နည်းလမ်းကိုသုံးပြီးတော့လုပ်ကြတယ် ဆိုတော့ဒီနည်းလမ်းမှာဘာလုပ်ကြလဲဆိုတော့ မျက်လုံးရဲ့တိမ်ကို ဝါးနေတဲ့မှန်ဘီလူးကို ဘာလုပ်လဲဆိုတော့ အပေါ်ကနေပြီးတော့အပ်ပါးပါးလေးတစ်ချောင်းနဲ့မျက်လုံးထဲကိုဖောက်လိုက်တယ် ဖောက်ပြီးသွားလို့ရှိရင် အဲ့ဒီတိမ်ကိုတွန်းချလိုက်တယ် တွန်းချလိုက်တော့ အဲ့ဒီကျွန်တော်တို့တိမ်ရှိနေတဲ့ ဖြူနေတဲ့ဝါးနေတဲ့မှန်ဘီလူးက မျက်လုံးအိမ်ထဲကိုကျပြီးတော့ကျန်ခဲ့တယ်ပေါ့ ဆိုတော့ဒီပုံစံနဲ့အဲ့လိုမျိုးတွန်းချလိုက်တဲ့အပေါ်မှာ မှန်ဘီလူးဝါးနေတဲ့မှန်ဘီလူးပိတ်မနေတော့တဲ့အခါကျတော့ အပြင်ကအလင်း ကောင်းကောင်းမွန်မွန် ဝင်လာတယ်လို့ပြောတာ ဆိုတော့ ဒီနေရာမှာ ခုနက အလင်းမဝင်လို့ မျက်စိကန်း နေတဲ့သူက အလင်းဝင်လာတော့ မျက်စိအလင်း ပြန်ရပါတယ်
7:47 သို့သော် အလင်းပဲရတာ ကောင်းကောင်း မမြင်ရဘူး ဆိုတော့ မှန်ဘီလူးရှိမှ ကြည်ကြည်လေးမြင်ရမှာကို အခုကြည်ကြည်လေးမမြင်ရဘူး အလင်းပဲဝင်ရောက်တာဖြစ်တယ် အချိန်တစ်ခုပြန်ရောက်လို့ရှိရင် ပြန်ပြီးတော့ မျက်စိပြန်ကမ်းသွားတတ်တယ် အဲ့တော့ပြောချင်တာက ကျွန်တော်တို့ တိုင်းရင်းဆေးနည်းလမ်းနဲ့ ခွဲစိတ်ခြင်း မအောင်မြင်ဘူးလို့ပြောတယ် တိုင်းရင်းဆေးနည်းလမ်းနဲ့ သောက်ဆေး လိမ်းဆေးပေးခြင်း မအောင်မြင်ဘူးလို့ပြောတယ် ကျွန်တော်တို့အခုဖေ့စ်ဘွတ်ခ်မှာတွေ့မြင်နေရတဲ့ မျက်လုံးမှာရောဂါတစ်ခုခုဖြစ်တယ် အဲ့ဒါကိုဘာလို့လဲဆိုတော့ မျက်လုံးရဲ့ဒီအပေါ်အောက်တွေကိုဆေးလူးတယ် ဆေးလူးပြီးမျက်လုံးအတွင်းသားပြန်ကောင်းသွားတယ်ဆိုတာ အဲ့ဒါညာနေခြင်းဖြစ်ပါတယ် ဘာလို့လဲဆိုတော့ မျက်လုံးကဟိုးအထဲအနောက်ထဲမှာရှိတာ ဒီအပေါ်ယံအရေပြားရဲ့အောက်မှာအရိုးရှိတယ် ဒီထဲကိုဆေးကဖောက်မဝင်ဘူးလို့ပြောတာ အဲ့တော့ဒီပုံစံနဲ့မျက်လုံးရဲ့ပိန်းပတ်ပတ်လည်ကိုကျွန်တော်တို့ဆေးလူးပြီးကုသခြင်းဖြင့် မျက်စိတိမ်ရောဂါကိုဘယ်လိုနည်းနဲ့မှ ကောင်းလာစေမှာ မဟုတ်ဘူးလို့ ကျွန်တော်အာမခံပြီးပြောရဲတယ်
8:35 ကဲဒါဆိုရင် ကျွန်တော်တို့ မဖြစ်အောင် ရောဘယ်လို ကာကွယ်ရမလဲပေါ့ မဖြစ်အောင်ကာကွယ်လို့တော့မရဘူး ဒါပေမဲ့တတ်နိုင်ဆုံးဘာလုပ်လို့ရလဲဆိုတာ နေပူထဲသွားတဲ့အခါကျလို့ရှိရင် နေကာမျက်မှန်တပ်ပြီးတော့သွားလို့ပြောတယ် နေကာမျက်မှန်တပ်ပြီးသွားခြင်းက စတိုင်လည်းဖြစ်စေမှာဖြစ်တယ် တစ်နည်းအားဖြင့်မျက်စိမပျက်စီးအောင်လည်းကာကွယ်ပေးမယ် ဒါ့အပြင်ကိုယ့်ဆီမှာဆီးချိုရောဂါရှိတယ်ဆိုရင် ဆီးချိုထိန်းပါ ဆီးချိုရှိခြင်းသည် ခြေထောက် လက် မျက်စိ ရှိသမျှ အင်္ဂါ ကိစ္စအားလုံးကို ဒုက္ခပေးပါတယ် နောက်ဆုံးကျွန်တော်တို့ အရည်ရွမ်း အသီးအနှံလေးတွေစားပါ အနီရောင်အဝါရောင်အသီးအနှံလေးတွေစားခြင်းအားဖြင့် မျက်စိအားကောင်းလာပါဦးမယ် နောက်ဆုံးပိတ်ကျွန်တော်ပေးချင်တဲ့မက်ဆေ့ချ်ကတော့ တိမ်ရောဂါသည်အထူးသဖြင့် အတွင်းတိမ်ရောဂါသည် ကုသလို့ပျောက်တဲ့ရောဂါဖြစ်တယ် ဒါကိုအချိန်မီမကုသနိုင်လိုက်ဘူးဆိုလို့ရှိရင် ဒါမှမဟုတ်ကုသမှုနည်းလမ်းတွေမှားယွင်းခဲ့တယ်ဆိုလို့ရှိရင် ဒါမှမဟုတ်အချိန်နှောင်းသွားခဲ့တယ်ဆိုရင် မျက်စိကွယ်သွားနိုင်တယ်လို့ ကျွန်တော်ကသတိပေးနေတာဖြစ်ပါတယ် ကျွန်တော့်နာမည် ဒေါက်တာဇွဲလင်းသူ လို့ခေါ်ပါတယ်
9:22 ဒီဗီဒီယိုက ကိုယ့်အတွက် ကိုယ့်မိသားစု မိတ်ဆွေတွေအတွက် အကျိုးရှိနေမယ်ဆိုရင် Like & Share လေးလုပ်ဖို့မမေ့နဲ့ဦးနော် ကျွန်တော့်ရဲ့ဖေ့စ်ဘွတ်ခ်ပေ့ချ်ကိုလည်း Follow လုပ်သွားခဲ့ပါ ကျွန်တော့်ရဲ့ Youtube ချန်နယ်ကိုလည်း subscribe လုပ်ထားပေးပါဦး နောက်အပတ်ဗီဒီယိုတွေနဲ့ဆက်လက်ပြီးဆုံတွေ့ပါဦးမယ် အားလုံးကိုကျေးဇူးတင်ပါတယ် ဆီးယူ ဘိုင့်ဘိုင် ဥပမာ ဒီလူတစ်ယောက်က ကျောက်ကပ်တို့